လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ညောင်ပင်လေးစျေးတွင် Mask Campaign ပြုလုပ်

လမ်းမတော် ဒီဇင်ဘာ ၁၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေခြင်းများကို ယမန်နေ့က အမှတ်()ရပ်ကွက် ညောင်ပင် လေးဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဖြိုးမြတ်ကျော် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်နှင့် ဝန်ထမ်းများ၊ စျေးတာဝန်ခံ ဦးထင်အောင်လွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များက Mask (၅၀၀)၊ Face Shield(၂၀၀)၊ အသိပညာပေးလက်ကမ်းစာစောင် (၁၀၀)တို့အား ဈေးရောင်း၊ ဈေးဝယ်များအား အခမဲ့ဖြန့်ဝေပေးကြပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအား Hand Speaker ဖြင့် ညောင်ပင်လေးဈေး အတွင်း လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို သိရှိလိုက်နာပြီး စနစ်တကျ ဆောင်ရွက်ရေး၊ စျေးဝယ်ချိန်တွင် စုပြုံခြင်းမျိုး မလုပ်ဘဲ အနည်းဆုံး (၆)ပေခြားပြီး ဝယ်ယူရေး၊ နှာခေါင်းစည်း Mask နှင့် Face Shield များ မဖြစ်မနေ တပ်ဆင်ပြီးမှ စျေးဝယ်ယူရေး၊ အပြင်မှ ပြန်လာတိုင်း ဆပ်ပြာ (သို့မဟုတ်) ပိုးသန့်စင်ဆေးရည်တို့ဖြင့် လက်ဆေးခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို လျော့ချပေးနိုင်မည်ဖြစ်ပါကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)