မိုင်းခုတ် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်တွင် ကလေးသူငယ်ဥပဒေပုဒ်မများ၊ ကလေးသူငယ်အသက်ရှင်မှုဆိုင်ရာအခွင့်အရေးများ၊ ကလေးသူငယ်အကြမ်းဖက်မှုအားတားဆီးကာကွယ်ပေးရမည့် အကြောင်းအရာများ စသည်တို့ပါဝင်သည်။
အဆိုပါ နံရံကပ်စာစောင်အား မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)