ပင်းတယ ဇူလိုင် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဝင်ငွေတိုးစီမံကိန်း အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက အင်းပက်လက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က အဖွင့်အမှာစကားပြောကြားပေးသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသူ/ သင်တန်းသားများအား သင်တန်းထွက်ကုန်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ စက်ချုပ်သင်တန်းအား ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းသူ စုစုပေါင်း ၁၄ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)