စဉ့်ကိုင်မြို့နယ်လူထုအ‌ခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

စဉ့်ကိုင် ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ-မ-က(ကသဲစု)တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်ဓါတ်ပုံမှတ်တမ်းပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေးအတွက်  ဗိုလ်ချုပ်အောင်‌ဆန်းအတူ တိုက်ပွဲဝင်ခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းအတ္ထုပ္ပတိ များ အ‌ကြောင်းကို ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ လူငယ်များ မိမိတို့နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်တက်ကြွနိုကြားလာစေရန်၊ အထိမ်းအမှတ်နေ့များကို အစဉ်အောက်မေ့သတိရနေစေရန် စသည်တို့ကို ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အ-မ-က(ကသဲစု) ကျောင်းအုပ်ဆရာမကြီးက “မျိုးချစ်စိတ်ဓါတ်နှင့် လူငယ်တာဝန်”ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။  ဆက်လက်၍ အ-မ-က(ကသဲစု) ကျောင်းအုပ်ဆရာမကြီးက “မျိုးချစ်စိတ်ဓါတ်နှင့် လူငယ်တာဝန်”ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။

၎င်းနောက် ကဗျာရွတ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးနှင့်၊ ပုံပြင်ပြော ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့‌ကြကြောင်းနှင့်  မြို့နယ်လူထုအခြေပြုဗဟိုဌာနအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်းနိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းများ၊ အာဇာနည်နေ့မှတ်တမ်းဓါတ်ပုံများအား ပြသထားရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)