တောင်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Video Edit  တည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

တောင်သာ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲမှစ၍ Video Edit တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးကျော်မျိုးနိုင်က မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနှင့် သတိပြုရမည့်အချက်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်သာမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)