စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကျင်းပ

စဉ့်ကိုင် ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို အ-ထ-က (စဉ့်ကိုင်)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်၍ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်သား၊ ကျောင်းသူဦးရေ (၆၉)ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူဦးရေ (၃၃)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူဦးရေ (၂၀)ဦးအသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)