ဝမ်းတွင်းမြို့နယ်၌(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဝမ်းတွင်း ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဦးတင်လှိုင် (စာကြည့်တိုက်လက်ထောက်-၃)က  ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ အမျိုးသားရေး စိတ်ဓာတ်၊ တပ်မတော်၏အား (၁၀)ပါး၊ အာဇာနည်ခေါင်းဆောင်ကြီးများကို မမေ့မလျော့သောအားဖြင့် ဂုဏ်ပြု၊ ဗိုလ်ချုပ်အောင်ဆန်း ဘွဲ့ကဗျာ ဘာဝနာတမ်းချင်း၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ စသည့် အသိပညာ ဗဟုသုတရဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်း(သဲတော)မှ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၂၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)