ညောင်ရွှေ ဇူလိုင် ၁၈
(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဦးမောင်မောင်က အာဇာနည်နေ့အကြောင်း သိကောင်စရာများကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က အာဇာနည်နေ့နှင့် ကျောင်းသားလူငယ်လေးများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ သည်။
ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ပြုလုပ်ရာ အာဇာနည်နေ့အကြောင်းအရာ မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက ပျော်ရွှင်စွာဖြေဆိုခဲ့ကြပြီး အမှတ်တရလက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများသည် ခင်းကျင်းပြသထားသည့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ ပြခန်းကိုစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ(ပြန်/ဆက်)