မိုးနဲ ဇူလိုင် ၁၈
ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကွင်းပြင်နေရာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(၁)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ဝင်းဝင်းမော်စိန်၊ အထက်တန်းပြဆရာမ ဒေါ်နန်းစန်းစန်းမြင့်နှင့် ဒုတိယလယ်ပြ ဒေါ်နန်းစုစုလွင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်းချုပ်အား အသီးသီးဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)