ခရမ်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ခရမ်း ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွလမ်း (မိုင်တိုင်အမှတ် ၃၉-၄၀ကြား) တွင် ကျင်းပခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့်အဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး အမြင့် ၂ ပေနှင့်အထက်ရှိ မဟော်ဂနီ (၁၀၀)ပင်၊ ပျဉ်းကတိုး (၁၀၀)ပင်၊ မန်ဂျန်ရှား(၈၀၀)ပင်၊ စုစုပေါင်းပျိုးပင် (၁၀၀၀)ပင်အား စိုက်ပျိုးခဲ့‌ကြောင်း သတင်းရရှိသည်။

ခရမ်း (ပြန်/ဆက်)