ပုဗ္ဗသီရိ ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်ကျေးရွာအုပ်စု၊ ဆင်တဲကြီးကျေးရွာသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦး၊ မြေစာရင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမင်းသန့်ထွန်း၊ ဇေယျာသီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်နှင့် ပုဗ္ဗသီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ပုဗ္ဗသီရိမြို့နယ်ရှိ ပေ(၁၅၀၀) အတွင်း ဆင်သေချောင်း ဝဲ/ယာတစ်လျှောက် ရာသီ သီးနှံ အပြည့်အဝစိုက်ပျိုးရေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်ရှိ ပေ(၁၅၀၀) အတွင်း ဆင်သေချောင်း ဝဲ/ယာတစ်လျှောက် ရာသီ သီးနှံ အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် မိုးသီနှံ၊ ပြောင်းစိုက်ခင်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။
နန်းရွှေရတီ (ပြန်/ဆက်)