မြင်းခြံ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကဗျာရေးသားရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား/ ကျောင်းသူများက မိမိတို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကဗျာများအား ရွတ်ဆို၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုခဲ့ကြသည်။ ဆက်လက်၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထဋ်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်နှင်းအေး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထဋ်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်နှင်းအေး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)