ကျောက်ဆည်မြို့နယ်၌ တိုက်နယ် (၄) ခုတွင် နွေစပါး (၃၆၁၂)  ဧကရိတ်သိမ်းရာ (၄၁၈၉၃၅) တင်း ထွက်ရှိ

ကျောက်ဆည် ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ် (၁၂) ခုရှိပြီး တိုက်နယ် (၄) ခုတွင် ဇူလိုင် (၁၅) ရက်နေ့ထိ နွေစပါး (၃၆၁၂) ဧက ရိတ်သိမ်းရာ (၄၁၈၉၃၅) တင်း ထွက်ရှိကြောင်း  မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ထိုသို့ တိုက်နယ်များအလိုက် နွေစပါးရိတ်သိမ်းရာ၌ တိုက်နယ် (၃) တွင် (၁၇၀) ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း (၁၉၁၈၃) တင်း၊ တိုက်နယ် (၅) တွင် (၂၂၄၄) ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း (၂၆၂၇၆၈) တင်း၊ တိုက်နယ် (၆) တွင် (၅၁၈) ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း (၅၉၈၀၄) တင်း၊ တိုက်နယ် (၈) တွင် (၆၈၀) ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း (၇၇၁၈၀) တင်းထွက်ရှိခဲ့ပြီး စုစုပေါင်းရိတ်သိမ်းဧက (၃၆၁၂) ဧကနှင့် စုစုပေါင်း အထွက်တင်း (၄၁၈၉၃၅) တင်းထွက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ နွေစပါးသီးနှံများစိုက်ပျိုးရာတွင် တိုက်နယ်များအလိုက် မနာသုခ၊ ရွှေမနော်၊ GW-11နှင့် GW-18 စပါးမျိုးများ စိုက်ပျိုးကြပြီး စပါးမျိုးကွဲများအလိုက် စုစုပေါင်း (၄၉၃၂) ဧက စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)