စဉ့်ကိုင် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ လက်ဝဲကျေးရွာအတွင်းရှိ အမက (လက်ဝဲ) တွင် ပေ (၆၀×၃၀) ပတ္တမြားကျောင်းဆောင်သစ်နှင့် ပေ (၁၂၀×၃၀) ယာယီကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးရွှေခိုင်၊ ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါ်ဥမ္မာကြည်၊ စဉ့်ကိုင်မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ အမက(လက်ဝဲ) ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်မင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ကျောင်သား/ကျောင်းသူများက ကြွရောက်လာကြသော ဧည့်သည်တော်များအား ထာဝရမြန်မာ သီချင်းဖြင့်ကြိုဆိုခဲ့ကြသည်။ ထို့နောက် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးရွှေခိုင်၊ ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါ်ဥမ္မာကြည်၊ စဉ့်ကိုင်မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် တာဝန်ရှိသူများက ပေ(၆၀×၃၀) ပတ္တမြား ကျောင်းဆောင်သစ်နှင့် ပေ (၁၂၀×၃၀) ယာယီကျောင်းဆောင်သစ်တို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး အမွေးနံသာရည်များ ပက်ဖြန်းခဲ့ကြောင်း သိရသည်။
၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးရွှေခိုင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်ဥမ္မာကြည်က ပညာရေးဆိုင်ရာ လုပ်ငန်းအကျဉ်းများကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးက ကျောင်းဆောင်သစ် ဖွင့်လှစ်နိုင်ခဲ့ရခြင်းနှင့် ပတ်သက်၍ မြို့နယ်အတွက် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်စကားများကိုလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးက ကျေးရွာအတွက် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်စကားများကိုလည်းကောင်း အသီးသီး ပြောကြားခဲ့ကြောင်းသိရသည်။
အ.မ.က (လက်ဝဲ) အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း (KG) တွင် ကျောင်းသား/ ကျောင်းသူ (၂၄) ဦး၊ (Grade-1) တွင် ကျောင်းသား/ ကျောင်းသူ (၁၆) ဦး၊ (Grade-2) တွင် ကျောင်းသား/ ကျောင်းသူ (၁၅) ဦး၊ (Grade-3) တွင် ကျောင်းသား/ ကျောင်းသူ (၂၀) ဦး၊ (Grade-4) တွင် ကျောင်းသား/ ကျောင်းသူ (၂၅) ဦး၊ (Grade-5) တွင် ကျောင်းသား/ ကျောင်းသူ (၂၉) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ (၁၂၉) ဦး အေးချမ်းစွာ ပညာသင်ယူလျက်ရှိကြောင်း အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)