ကျေးသီး ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်က ကျောင်းသားလူငယ်များအားလုံး အာဇာနည်နေ့နှင့် ပတ်သက်သည့် သမိုင်းကြောင်းများအား သိရှိစေရန်နှင့် လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ခဲ့သည့် နိုင်ငံခေါင်းဆောင်များကို လေးစားအတုယူတတ်စေရန် ရှင်းလင်းဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဉ်က လွတ်လပ်ရေး ရရှိအောင် စွမ်းဆောင်ခဲ့သော အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြောင်းသိရသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြသထားသော အာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲသို့ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးမြင့်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းငင်း (ပြန်/ဆက်)