ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ညောင်ဦး ဇူလိုင် ၁၇

မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM) စက်များကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုမှ အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းက မြန်မာအီလက်ထရောနစ် (MEVM) စက်ကိုင်တွယ်အသုံးပြုခြင်း၊ မဲပေးပုံမဲပေးနည်းစနစ်များအား Power Point ဖြင့် ရှင်းလင်းပြောကြားပြီး သင်တန်းကာလမှာ ဇူလိုင် ၁၄ ရက်နေ့မှ ဇူလိုင် ၂၆ ရက်နေ့ထိ သင်တန်းသား၊ သင်တန်းသူ (၆၉၂) ဦးတို့အား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ လက်တွေ့ကိုင်တွယ်အသုံးပြုနည်း သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ ပါဝင်သည့် ဆက်စပ်ပစ္စည်းများနှင့် မဲပေးစက်များစစ်ဆေးခြင်း၊ အီလက်ထရောနစ်မဲပေး စက်လက်တွေ့တပ်ဆင်လေ့ကျင့်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များအသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ ရွေးကောက်ပွဲနေ့တွင် စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲပေးခြင်းအား  လက်တွေ့လေ့ကျင့်ခြင်း၊  မဲရုံဖွင့်ချိန်၊ မဲပေးချိန်နှင့် မဲရုံပိတ်ချိန်၌ ဆောင်ရွက်ရန်များ၊ လက်တွေ့သရုပ်ပြခြင်းများ၊ သင်ခန်းစာများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခြင်းနှင့် လက်တွေ့ကိုင်တွယ်လေ့ကျင့်ခြင်းတို့အား သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း