အမရပူရ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာယီရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ ပေးအပ်ပွဲကို ပြုလုပ်ခဲ့သည်။
ဦးစွာ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဥက္ကဋ္ဌ ဦးစိုးညွန့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများ၏ သား၊ သမီးများကို ထောက်ပံ့ပေးအပ်ခဲ့ရာ အဆင့်မြင့်ပညာ တက်ရောက်နေသူ ၁၂ ဦး ကိုတစ်ဦးလျှင် ၇၅၀၀၀ ကျပ်နှုန်းဖြင့်လည်ကောင်း အထက်တန်း ၆ ဦးအတွက် တစ်ဦးလျှင် ၆၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အလယ်တန်း ၈ ဦးအတွက် တစ်ဦးလျှင် ၅၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ မူလတန်း ၂၆ ဦးအတွက် တစ်ဦးလျှင် ၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်ကောင်း၊ မူကြို ၅ ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း စုစုပေါင်း ငွေကျပ် ၂၇၉၀၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)