မြင်းခြံ ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲများကို ယနေ့နံနက် (၉:၃၀) နာရီမှ စတင်၍ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တို့တွင် သွားရောက်ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က အာဇာနည်နေ့ဆိုင်ရာအကြောင်းအရာများ၊ အာဇာနည် (၉) ဦးတို့၏ ကိုယ်ရေးရာဇဝင်များနှင့် လွတ်လပ်ရေးရရှိအောင် ကျိုးပမ်းဆောင်ရွက်ခဲ့မှုများကို အောက်မေ့သတိရဖွယ်ဖြစ်စေရန် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)