ဟိုပုံး ဇူလိုင် ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) နှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများသည် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ်သန်း (၅၉.၄၀၀၀)ဖြင့် ဆောင်ရွက်သည့် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ ဆေးပေးခန်းသို့သွားသော (၂၀)ပေကျောက်ရိုးစီကမ်းကပ်ခုံ၊ သံကူကွန်ကရစ်ကြမ်းခင်း တံတား(၁)စင်းတည်ဆောက်နေမှုကိုလည်းကောင်း၊ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြန်နယ်ရန်ပုံငွေ ကျပ်သန်း (၇၅.၈၇၀၀)ဖြင့်ဆောင်ရွက်သည့် ဟိုပုံးမြို့နယ် လိုက်ကန်-ပန်လျမ်းမြေသားလမ်း ဖောက်လုပ်ခြင်း(၁/၀.၈)မိုင် အကျယ်(၃၀)ပေ၊ ထု(၄)လက်မအား လမ်းတာချဲ့၍ အပွန်းခံလွှာ ခင်းခြင်းလုပ်ငန်းများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဟိုပုံးမြို့နယ်မှ လုပ်ငန်းခွင် တာဝန်ခံအင်ဂျင်နီယာအား လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်ထားသော သံကူကွန်ကရစ်တံတားနှင့်လမ်းဒီဇိုင်းများ၏စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်ဝစေရေးတို့အတွက် အလေးအနက်ထားဆောင်ရွက်ရန်မှာကြားခဲ့ကြပြီး အဆိုပါသံကူကွန်ကရစ်တံတားနှင့် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)