ပုံပါကျင် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ မြို့မဘုန်းကြီးကျောင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဩကာသကန်တော့ချိုးဖြင့်ကန်တော့၍ ရတနာအောင်ဟိန်းဆိုင်ကျောင်းတိုက် ဆရာတော်ဥူး၀ိမာလရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးအောင်အောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်ဟောကြားချီးမြှင့်ကာ ရတနာအောင်ဟိန်းဆိုင်ကျောင်းတိုက် ဆရာတော်ဥူး၀ိမာလက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရား ချီးမြှင့်ဟောကြားပေးခဲ့သည်။
ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွက်ဆို၍ အဆိုပါအခမ်းအနားအားရုပ်သိမ်းခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား ဌာနဆိုင်ရာတာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အိအိဖြိုး ပြန်/ဆက်