သံဖြူဇရပ်မြို့ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ လဝက် ပုံမှန်လုပ်ငန်းညှိ့နှိုင်းအစည်းအ​ဝေး ပြုလုပ်

သံဖြူဇရပ် ဇူလိုင် ၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ဌာနဆိုင်ရာများ၊ ရပ်/​ကျေးအုပ်ချုပ်​ရေးမှူးများနှင့် စာရေးဝန်ထမ်းများ​တွေ့ဆုံ၍ လဝက်ပုံမှန်လုပ်ငန်းညှိ့နှိုင်းအစည်းအ​ဝေးကို ယ​မန်နေ့ နံနက်ပိုင်းက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်မိုးလွင်က ဌာနဆိုင်ရာများအ​နေဖြင့် မိမိတို့ ဌာနအလိုက်လုပ်​ငန်းများ ​အောင်မြင်​စေ​ရေးနှင် အချိန်မီပြီးစီး​ရေး၊ စိုက်ပျိုး/​မွေးမြူ​ရေးဌာနများအနေဖြင့် စီမံချက်အတိုင်းပြည့်မီ​စေ​ရေး၊​ ရေကြီး​ရေလျှံမှုမဖြစ်ပွား​စေ​ရေးအတွက်​ချောင်း​/မြောင်းများပိတ်ဆို့မှုမရှိ​​​စေရေး၊ သာသနာ့ဗိမာန်​တော်ကြီးတည်​ဆောက်မှုအမြန်ဆုံးပြီးစီးနိုင်​ရေး ကြိုးပမ်း​ဆောင်ရွက်ကြ​စေ​ရေး၊ လမ်းတံတားများ ​ကောင်းမွန်စေရေး စသည့်အ​ကြောင်းအရာများအား အမှာစကား​ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းဦးနှင့် အတွင်း​ရေးမှူး ရဲမှူးမိုးမြင့်တို့က ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များ၊ လုံခြုံ​ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း​ပြေကြားသည်။

ထို့​နောက် အစည်းအ​ဝေးသို့ တက်​ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအဖွဲ့များကလည်း မိမိတိုး၏ လုပ်ငန်းများကိုတင်ပြ​ဆွေး​နွေးရာ တာဝန်ရှိသူတို့က ပြန်လည်​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့​ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)