မဟာအောင်မြေမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး

မဟာအောင်မြေ ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ မဟာအောင်မြေမြို့နယ်၊အမှတ်(၁၂)အ.ထ.ကခွဲကျောင်းမှ ကျောင်းအုပ်ဆရာမကြီး (ကိုယ်စား) ဆရာမကြီး တစ်ဦးက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ဟောပြောပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်များနှင့်အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ပညာ၏တန်ဖိုးနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း