ကျောက်ဆည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီကျောင်းဆောင်တွင် ပြုလုပ်ပေး သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထားရွှေနှင့်ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းတို့က လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေး ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသားကျောင်းသူ ၂၄၁ဦးတို့ကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးခြင်းနှင့် UID ကောက်ယူထုတ်ပေးခြင်းလုပ်ငန်းများပါ တစ်ပြိုင်တည်းနေ့ချင်းပြီးပြုလုပ်ပေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)