ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၂၅-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

ညောင်ရွှေ ဇူလိုင် ၁၆

ရာသီဥတုမှန်ကန်ကောင်းမွန်စေရန်၊ သစ်တောသစ်ပင်ပြုန်းတီးမှုကို ကာကွယ်ထိန်းသိမ်းရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်အတွက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၅-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၈)နာရီက ညောင်ရွှေမြို့အဝင် သာစည်ကန်ပတ်လည် ကန်ဘောင်တစ်လျောက်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများက စိန်ပန်းပြာပျိုးပင်များ၊ စိန်ပန်းနီပျိုးပင်များ စုစုပေါင်း(၁၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ