ကျေးသီး ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Communtiy Centre)ခန်းမတွင် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်စန်းစန်းယဉ်က စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများကို မိမိတို့နိုင်ငံ၏ နေ့ထူးနေမြတ်များကို လေ့လာမှတ်သားသည့်အလေ့အကျင့်များ ရရှိစေလိုခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးပြီး အသိပညာဗဟုသုတကြွယ်ဝကာ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာအုပ်များကိုလေ့လာဖတ်မှတ်သည့် အလေ့အကျင့်များ တိုးတက်လာစေရေးတို့ကို ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့သည်။
ပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8၊ Grade-9 အဆင့် ကျောင်းသား/ ကျောင်းသူ ၁၅ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းငင်း(ပြန်/ဆက်)