ပိုလီတက္ကနစ်တက္ကသိုလ် (ပင်လုံ) ဘာသာရပ်‌ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ

လွိုင်လင် ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပိုလီတက္ကနစ်တက်ကသိုလ်(ပင်လုံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ (၃) နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်နှင့် ဒေါက်တာထွန်းမြင့်တို့က အသီးသီးအမှာစကားပြောကြားကြသည်။ ယင်းနောက် ကျောင်းသူလေးများက ပန်းဖွားအကဖြင့် ဖျော်ဖြေကပြကြပြီး ဘောလုံးပြိုင်ပွဲကို Civil အသင်း နှင့် EP အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဆရာ/‌ဆရာမများ နှင့်ကျောင်းသား/သူများကကြည့်ရှုအားပေးကြသည်။

အဆိုပါ ပိုလီတက္ကနစ်တက္ကသိုလ်(ပင်လုံ)မိုးရာသီဘောလုံးပြိုင်ပွဲတွင် အသင်းလေးသင်းပါဝင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး