လှိုင်သာယာ(အနောက်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၁၅

ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ အပြောစွမ်းရည်များ မြင့်မားတိုးတက်စေရန်နှင့် စာဖတ်ရှိန်တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Communiity Centre)ခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ ဦးစိုးမိုးသိမ်းနှင့် စာရေးဆရာများ၊ ဆရာ၊ ဆရာများ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်က ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာဦးစိုးမိုးသိန်းက ကျပန်းစကားပြောပြိုင်ပွဲနှင့်ပတ်သက်သည့် အသိပညာပေး သိကောင်းစရာများကို ဟောပြောခြင်း၊ စာရေးဆရာ ဦးခင်မောင်နိုင် (ဝေဒ)က အမှတ်ပေးစည်မျဥ်းများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က ကျရာခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင်ကြပြီး၊ ပြိုင်ပွဲ၌ ပ၊ ဒု၊ တ ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား ဆုအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သတင်းရှိသည်။

မြို့နယ် (ပြန်/ဆက်)