လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ

လှိုင်သာယာ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနရုံးမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများအား ပြေစာအမှတ်တံဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် အခွန်အသိပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်း (၉) နာရီ၌ အမှတ်(၂)ရပ်ကွက်အခြေခံပညာအထက်တန်း‌ကျောင်း အမှတ်(၁)အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲအခမ်းအနားတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ဝင်းမာလာက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပ ဒေများအရ လိုက်နာဆောင်ရွက်များကိစ္စနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများကို (power point) ဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်စွာညွန့်က ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း‌ပြောကြားပြီး ဆွေးနွေးပွဲသို့ အခွန်ဆိုင်ရာဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ အခွန်ထမ်းပြည်သူများ၊ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)