တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

တာလေ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်းရေးသားသော “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးနိုင်သည့် အခွင့်အလမ်းများ ရရှိစေရေးအတွက်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ပြောကြားပြီး စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက စာရေးဆရာ အောင်သင်းရေးသားသော “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်မှ အချိန်ကိုဘယ်လိုအသုံးချသလဲ၊ ကံဆိုးခြင်းနှင့်ကံကောင်းခြင်း၊ စာရိတ္တတန်ဖိုး၊ ပညာသင်တယ်ဆိုတာ၊ အစရှိသည့် ခေါင်းစဉ်များမှ အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက် ဖတ်ရှုဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ်ကျင်းပပြုလုပ်လျက်ရှိပြီး စိတ်ပါ၀င်စားသူများ အနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)