မိုင်းရှူး ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်အဆင့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲအား မိုင်းရှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်တွင် အာဇာနည်သွေး ဆက်လက်မွေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ထက်မြတ်ဂုဏ်ရည် ကိုးဦးဇာနည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင် မျက်ရည်သွန်းဖြိုး ဇူလိုင်တစ်ဆယ့်ကိုး ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၀၅)ဦး ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)