မိုင်းရှူး ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီခွဲက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကျန်းမာရေးအသိပညာပေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပုံရိပ်များ၊ အာဇာနည်ကိုးဦးအကြောင်း အသိပညာပေး ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)