ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကိုယ်ကာယကြံ့ခိုင်မှု အကပြိုင်ပွဲကျင်းပ

ကျောက်ပန်းတောင်း  ဇူလိုင်  ၁၅

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကိုယ်ကာယကြံ့ခိုင်မှုအကပြိုင်ပွဲကို ဇူလိုင် ၁၅ ရက် နံနက်၉နာရီက အဆိုပါကျောင်းရှိ အလေးပြုကွင်း မြက်ခင်းပြင်တွင် ပြုလုပ်သည်။

အခမ်းအနားတွင် ပြိုင်ပွဲမစတင်မီ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက ပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို စတင်ကျင်းပရာ၊ Grade-6 မှ ကျောင်းသား၊ ကျောင်းသူ ၈၀၊ Grade-7 မှ ကျောင်းသား၊ ကျောင်းသူ ၈၀နှင့် Grade-8 မှ ကျောင်းသား၊ ကျောင်းသူ ၈၀၊ Grade-9 မှကျောင်းသား၊ ကျောင်းသူ ၈၀၊ Grade-10 မှ ကျောင်းသား၊ ကျောင်းသူ၈၀၊ Grade-11 မှ ကျောင်းသား၊ ကျောင်းသူ ၈၀တို့က “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” သီချင်းဖြင့် အတန်းလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲကို အမှတ်ပေးဒိုင်အဖြစ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငြိမ်းစား ပညာရေးမှူး နှင့်တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် Grade-7မှ ပထမဆု၊ Grade-9မှဒုတိယဆု ၊ Grade-6မှ တတိယဆု ရရှိရာ တာဝန်ရှိသူများကဆုများကို ချီးမြှင့်ပေးခဲ့ကြသည်။

သဲသဲ(ပြန်/ဆက်)