စဉ့်ကိုင်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များပြသ

စဉ့်ကိုင်  ဇူလိုင်  ၁၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်‌နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာ‌ပေး‌ဟော‌ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတ/ရသ စာအုပ်စာစောင်ပြပွဲတို့ကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အ.မ.က (လက်ဝဲ)၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် အ.မ.က (လက်ဝဲ) ကျောင်းအုပ်ကြီး ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ၂၀၂၅ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား‌ခဲ့ပြီး အာဇာနည်နေ့ဖြစ်ပါ်လာပုံ သမိုင်းအကြောင်းများ၊ လူငယ်များအနေဖြင့်  မြန်မာ့နိုင်ငံ၏ အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို အစဉ်အောက်မေ့ သတိရစေရန်လိုကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတိ သမိုင်းကြောင်းများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ကျောင်းဝန်းအတွင်း၌  ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းများ၊ အာဇာနည်နေ့ မှတ်တမ်းဓါတ်ပုံများနှင့် သုတ/ရသစုံလင်သည့် စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်မှတ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)