မုဒုံ ဇူလိုင် ၁၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံ(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန် နေ့က မြို့နယ်မီတာ (၂၀၀)ဘောလုံးကွင်း၌ ကျင်းပသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို အားကစားလုပ်ငန်းများအား တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတော်အတွင်းအားကစားအဆင့်အတန်း တိုးမြှင့်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ နိုင်ငံတော်အနေဖြင့် မြှင့်တင်ချီးမြှောက်ပေးလျက်ရှိပြီး ဘောလုံးကစားခြင်းဖြင့် မြို့နယ်အတွင်း လူငယ်လူရွယ်၊ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်၍ စိတ်ဓာတ်ခွန်အားမြင့်မားလာစေရန်၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးဆောင်ပုဒ်အရ လူငယ်များကျန်းမာကြံ့ခိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန်နှင့် ကျောင်းအလိုက် မြို့နယ်/ပြည်နယ်ပြိုင်ပွဲမှတဆင့် နိုင်ငံ့အားကစားသမားလက်ရွေးစင်ဘောလုံသမားများ ပေါ်ထွန်းလာစေရန် အတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဋ္ဌေးက ပြောသည်။
ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ဘောလုံးအသင်း (၁၁)သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲစဥ်တွင် အထက(ကလော့သော့)နှင့် အထက(၂)ဘောလုံးအသင်းတို့ ယှဥ်ပြိုင်၍ ပယ်နယ်တီအဆုံးအဖြတ်ဖြင့်(၃)ဂိုး၊ ဂိုးမရှိဖြင့် အထက (ကလော့သော့) ဘောလုံးအသင်းမှ အနိုင်ရဗိုလ်ဆွဲခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ တံခွန်စိုက်ဒိုင်းဆု(ပထမ)၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ အကောင်းဆုံးကစားသမားများဆုတို့ကို မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)