မိုးနဲ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြို့နယ်သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းအမှိုက်များကို အမှိုက်ပစ်ရန်နေရများတွင် စနစ်တကျစွန်ပစ်ရေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ခရီးထွက်ခွာရန်ရှိပါက နယ်မြေကျော်လွန်ခရီးထွက်ခွာခွင့်တင်ပြနိုင်ရေး၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများအနေဖြင့် သင်တန်းများဖွင့်လှစ်နိုင်ရေး၊ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်မှုများအား ပြန်လည်တင်ပြနိုင်ရေးနှင့် ဌာနများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်ရှိပါက ဆွေးနွေးပေးကြရန်စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးမည့်အခြေအနေ၊ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေ၊ သဘာဝဘေးကြောင့်ပျက်စီးခဲ့သော လယ်ယာမြေများအပေါ် ထောက်ပံ့ပေးမည့်အခြေအနေ၊ လယ်/ယာသုံးစက်ကိရိယာများ ရောင်းချပေးမည့် အခြေအနေနှင့်ရပ်ကွက်များမှ ကိုယ့်အားကိုယ်ကိုးလမ်းများဆောင်ရွက်ပါက ထောက်ပံ့ပေးမည့်အခြေအနေများကိုတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)