ပြည်ကြီးတံခွန် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာနတို့ပူပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာနမှ ဒေါ်ခင်ဝင်းကြည်က မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား များပြားလာမှု လျှော့ချနိုင်ရေး ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ရန်၊ အသက်မပြည့်သေးဘဲ အလုပ်ခိုင်းစေသည့် မိဘများနှင့် တိုင်ပင်ဆွေးနွေးမည့် လုပ်ငန်းများလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသူများမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်