ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် စားနပ်ရိက္ခာရန်ပုံငွေများပေးအပ်

မြောင်းမြ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် စားနပ်ရိက္ခာရန်ပုံံငွေများကို ယမန်နေ့နံနက်ပိုင်းက ရွှေလောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ပေးအပ်ရာတွင် မြောင်းမြခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဝါးခယ်မမြို့နယ်၊ အရှေ့မြောက်ဘက်၊ ရွှေလောင်းကျေးရွာအုပ်စုနှင့် ကုန်းမိုင် (၇) မိုင်ခန့်အကွာ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာ၌ ဇူလိုင်လ (၁၂) ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀,၀၀ဝ) ကျပ်၊ အိမ်ထောင်စု (၇) စုမှ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၇၀,၀၀၀) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၈၇၀,၀၀၀) တို့အားဘေးသင့်ပြည်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)