တွံတေးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

တွံတေး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အထက(၂) ပညာရတနာခန်းမတွင် မြန်မာအီလက်ထရေနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအဖွဲ့၀င်(၂)၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် မြို့နယ်ပညာ‌ရေးဌာနမှ သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကို သင်တန်းအပတ်စဥ်အလိုက် နှစ်ရက်သင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)