ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) အစည်းအဝေးခန်းမတွင် ဟောပြောပွဲကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Center) အစည်းအဝေးခန်းမ၌ ဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသ​မိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျိုးချစ်စိတ်နှင့် လွတ်လပ်ရေး ကြိုးပမ်းမှုများအား  ကျောင်းသားလူငယ်များ သိရှိစေရန်အတွက်  ပြောကြားခဲ့သည်။

အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသ​မိုင်းကြောင်းများကို ရှင်းလင်းပြောကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ခင်းကျင်းပြသခဲ့ကြောင်း သိရါသည်။

ချမ်းမြေ့မောင်