ကျောက်ဆည် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးကြိုသီးနှံမျိုးစုံကို နေရာဒေသအလိုက် ဆည်ရေ၊ ကန်ရေ၊ တူးမြောင်းရေ၊ မိုးရေများဖြင့် စိုက်ပျိုးလျက်ရှိရာ သပြေဝန်းကျေးရွာတွင် စိုက်ပျိုးထားသော မိုးကြိုပဲတီစိမ်း သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းသီးနှံစိုက်ပျိုးရာ၌ (၁) ဧကကုန်ကျစရိတ်အနေဖြင့် မစိုက်ပျိုးမီ စက်ထယ်ဖြင့် မြေပြုပြင်ခြင်း (၁၃၅၀၀၀) ကျပ်၊ မျိုးစေ့ကုန်ကျစရိတ် (၄၀၀၀၀) ကျပ်၊ နွားရှဉ်းဖြင့်လူလုပ်အားသုံး စိုက်ပျိုးခြင်းကုန်ကျစရိတ် (၄၀၀၀၀) ကျပ်၊ ပိုးမွှားနှိမ်နှင်းကာကွယ်ဆေး (၂၀၀၀၀၀) ကျပ်၊ တန်းကြားမြေဆွခြင်းကုန်ကျစရိတ် (၆၀၀၀၀) ကျပ်၊ ပေါင်းမြတ်ရှင်းလင်းခြင်း (၅၀၀၀၀) ကျပ်နှင့် ပဲတီစိမ်း (၁) တင်း ရိတ်သိမ်းချွေလှေ့ခြင်း (၂၃၀၀၀) ကျပ် ပဲတီစိမ်း(၁)ဧက၊ (၁၀) တင်းထွက်ရှိပြီ ကာလပေါက်ဈေး (၁) တင်း (၁၂၅၀၀၀) ကျပ်ဖြင့် ရောင်းချရပါက (၁) ဧက (၄) သိန်း (၉) သောင်းကျပ်ကျော် အကျိုးအမြတ်ရရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူ ဦးညွှန့်ဝင်းကပြောပြ၍ သိရှိရပြီး သိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးကြိုပဲတီစိမ်းများစိုက်ပျိုးရာတွင် ဒေသရာသီဥတုနှင့်ကိုက်ညီကာ အောင်မြင်ဖြစ်ထွန်းပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင်အထွက်ကောင်းမျိုးများဖြစ်သော ရေဆင်း(၁)၊ ရေဆင်း(၉)၊ ရေဆင်း(၁၄)၊ ရေဆင်း (၁၁) မျိုးများ အဓိကထားစိုက်ပျိုးကြကြောင်းနှင့် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တာဝန်ရှိသူများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)