အင်းစိန် ဇူလိုင် ၁၃
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု မောင်/မယ် လူရွေးချယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဝင်များ၊ တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် အားကစားသမားမောင်/မယ်များအနေဖြင့် တစ်ချိန်တွင် နိုင်ငံကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် ကြိုးပမ်းဆောင်ရွက်ကြရန်စသည်တို့ကို ပြောကြားပြီး ပြိုင်ပွဲများကို ဖွင့်လှစ်ပေးသည်။
ထို့နောက် (၂၁)နှစ်အောက် ကာယဗလမောင်ပြိုင်ပွဲ၊ (၅၅)ကီလိုတန်း ကာလဗလမောင်ပြိုင်ပွဲ၊ (၆၀) ကီလိုတန်း ကာလဗလမောင်ပြိုင်ပွဲ၊ (၆၅)ကီလိုတန်း ကာလဗလမောင်ပြိုင်ပွဲ၊ (၇၀) ကီလိုတန်း ကာလဗလမောင်ပြိုင်ပွဲ၊ (၇၅) ကီလိုတန်း ကာလဗလမောင်ပြိုင်ပွဲ၊ (၇၅)ကီလိုတန်းအထက် ကာလဗလမောင်ပြိုင်ပွဲ၊ အမျိုးသား Athletic Physique up to 170 cm၊ အမျိုးသား Athletic Physique Over 170 cm၊ အမျိုးသား Sport Athletic Physique up to 170 cm၊ အမျိုးသား Sport Athletic Physique Over 170 cm၊ အမျိုးသား Fitness Physique Open၊ အမျိုးသမီး Model Physique up to 160 com၊ အမျိုးသမီး Model Physique Over 160 com၊ အမျိုးသမီး Athletic Physique Openနှင့် အမျိုးသမီး Fitness Physique Open အတန်း (၁၆) တန်းဖြင့် ပြိုင်ပွဲများကို ကျင်းပရာ ပြိုင်ပွဲဝင်အားကစားသမား မောင်/ မယ်များက သတ်မှတ်ကိုယ်ဟန်ခုနစ်မျိုးဖြင့် ခန္ဓာကိုယ် အချိုးအစား ကျစ်လျစ်မှုကို လှစ်ထုတ်ပြသယှဉ်ပြိုင်ကြသည်။
ယင်းနောက် ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသည့် အားကစားသမား မောင်/မယ်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လည်းကောင်း၊ Over All ဆုရရှိသည့် ခါးနံပါတ်(၃၆) မောင်ဝေယံထက်လှိုင်အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လည်းကောင်း ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)