နေပြည်တော်ကောင်စီဝင်များ လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

လယ်ဝေး ဇူလိုင် ၁၃

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် ဦးမင်းဦးတို့သည် ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်များသည် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်၊ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် လယ်ဝေးမြို့၊ အ- လ- က (အင်ပု) တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးသည်လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်စိုက်ပျိုး‌ရေးကြီးကြပ်မှု‌ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုးတို့က စိုက်ပျိုးထားသည့် သီးနှံများပျက်စီးမှုနည်းပါးစေရေး၊ စိုက်ပျိုးမည့်မိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် ဒေသခံပြည်သူများအနေဖြင့် သဘာဝဘေးများ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားနိုင်ရေး၊ ရပ်ကွက်ကျေးရွာလုံခြုံရေး၊တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူများက လိုအပ်ချက်များ တင်ပြရာ နေပြည်တော်ကောင်စီဝင်များက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)