လှိုင်သာယာ(အနောက်) ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြိုနယ်အခွန် ဦးစီးဌာနမှူးရုံး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် ပြေစာအမှတ်တံဆိပ်ဆိုင်ရာသိမှတ်ဖွယ်ရာများ အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးခန်းမတွင် ပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲအခမ်းအနားသို့ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးဝင်းနိုင်က အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများကို (Power Point) ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်အခွန်ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်က ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လုပ်ငန်းရှင်ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခြင်းအပေါ် အခွန်ဦးစီးဌာနမှူး ဦးဝင်းနိုင်ကပြန်လည်ဖြေကြားပေးသည်။
ယင်းဆွေးနွေးပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သန်း(ပြန်/ဆက်)