ကမာရွတ်မြို့နယ်၌ ငလျင်၊  လေထုညစ်ညမ်းမှုသဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကျင်းပ

ရန်ကုန် ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ လေထုညစ်ညမ်းမှုနှင့် သဘာဝဘေး အန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားကို လေ့ကျင့်ရေးအထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမ၌ ဇူလိုင်လ(၁၁)နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစိုးရန်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး၊ ဒုတိယဦးစီးမှုးဦးမျိုးမင်းသူက ငလျင်၊ လေထုညစ်ညမ်းမှုနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခြင်းနှင့် ရှာ‌ဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်တို့အား ရှင်းလင်း‌ပြောကြားသရုပ်ပြသခဲ့သည်။
ဆက်လက်၍ ရှာ‌ဖွေကယ်ဆယ်ရေးတပ်ဖွဲ့၀င်များမှ
  ASR level 1, 2 , 3 , 4 , 5 တို့အား ရှင်းလင်းတင်ပြခြင်း၊ ကျောင်းသား/သူများက လူနာလက်တွေ့သယ်ဆောင်ခြင်း၊ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက Power Unit အသုံးပြု ၍ကယ်ဆယ်ရှာဖွေခြင်း၊ ရေဘေးကယ်ဆယ်ရေးအတွက် Life Jacket ဝတ်ဆင်သရုပ်ပြခြင်း၊ ငလျင်အချက်ပေးခရာဖြင့်အချက်ပေး၍ ကျောင်းသား/သူများက ငလျင်လှုပ်ခတ်နေစဉ် နေရာယူခြင်းစသည်တို့ကို သရုပ်ပြသလေ့ကျင့်ခဲ့မှုများဆောင်ရွက်ခြင်းနှင့် ငလျင်အသိပညာပေး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်းတို့အား‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြဆောင်ရွက်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၂) ဦးစိုးရန်နိုင်နှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊
  ကျောင်အုပ်ကြီးနှင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)