တနိုင်းမြို့နယ် ရပ်ကွက်ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း)အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

တနိုင်း ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၂ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘောလုံးပွဲ ဖွင့်ပွဲတွင် အ.ထ.က-၁ ကျောင်းသူလေးများ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အားကစားသမားများက ကွင်းအတွင်းနေကာယူပြီး နိုင်ငံတော် အလံအား အလေးပြု၍ အားကစားသစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုကြသည်။‌ဆက်လက်၍ ဖွင့်ပွဲတွင် စတင်ယှဉ်ပြိင်ကစားကြမည့် အသင်း (၂) သင်းမှ FIFA Fair play အလံဖြင့် ကွင်းအတွင်း နေရာယူကြပြီး ဒကောင်းရပ်ကွက်အသင်းနှင့် ဆင်မ်ဆာမ့်ကောင်း ရပ်ကွက်အသင်းတို့မှ စတင်ယှဉ်ပြိုင်ကစားကြသည်။

ဒေသကွပ်ကဲရေးမှူးမှ အကအလှအဖွဲ့များအား (၁၀) သိန်းကျပ်၊ ခရိင်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ (၅) သိန်းကျပ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ (၁၀) သိန်းကျပ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဒိုင်လူကြီးများအား (၅) သိန်းကျပ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိမြို့ဖများက အားကစားအဖွဲ့များအားဝတ်စုံစရိတ် အသင်းတစ်သင်းလျှင် ၅သိန်းကျပ်ဖြင့် အသင်း (၇) သင်းအား (၃၅) သိန်းကျပ် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ‌ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဖုန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မနောမြေ(တနိုင်း)