ကျိုင်းလပ်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းလပ် ဇူလိုင် ၁၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀:၃၀) နာရီက ကျိုင်းလပ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျိုင်းလပ်မြို့ ပြည်သူ့အင်အားနှင့်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးဟန်မင်းအောင်နှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကျိုင်းလပ်မြို့ ကျခမ်းကျောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသူ/ ကျေးရွာသား စုစုပေါင်း (၄၂) ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား လာရောက်ထုတ်ယူကြသည့်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက Biometric Data (UID) ကဒ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)