မော်လမြိုင် ဇူလိုင် ၁၂
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၅)(၇/၂၀၂၅)သို့ တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်း ရတနာများအား ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ဌေးလွင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသောစစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်ရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကောင်းသည့် စစ်သည်ကောင်းတစ်ယောက်ဖြစ်လာရန် ကြိုးစားလိုက်နာလေ့ကျင့်ကြစေလိုကာ နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅)(၇/၂၀၂၅)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် အဝတ်အထည်များပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်နှင့်တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) (၇/၂၀၂၅)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ