မုဒုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မုဒုံ ဇူလိုင် ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အာဇာနည်ခေါင်းဆောင်ကြီး ()ဦး၏ အထ္တုပ္ပတ္တိ၊ အာဇာနည်၏ အဓိပ္ပာယ်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား/သူများက ခေါင်းစဥ်အလိုက် ပါဝင်ယှဥ်ပြိုင်၍ ဆုရကျောင်းသား/သူအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဆရာ၊ ဆရာမများက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အာဇာနည်နေ့အကြောင်းနှင့် အသိပညာပေး နံရံကပ်ပိုစတာများ၊ စာအုပ် စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ တက်ရောက်ကြသည့် ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)