ပြည်ကြီးတံခွန် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပညာရေးမှူးရုံး၌ မြို့နယ်ပညာရေးမှူးရုံးသစ် အန္တရာယ်ကင်းတရားနာနှင့် (၂၅)ကြိမ်မြောက် ပညာရေးမိသားစုမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတွင် ဩကာသ(၃)ကြိမ်ရွတ်ဆို၍ စတင်ခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ ဘုန်းတော်ကြီးကျောင်း (၁၅) ကျောင်းမှ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္ဓဇောတိကဓဇ တိုင်းသံယနာယကဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ သုစိဏ္ဏာလင်္ကာရက ဝါဆိုသင်္ကန်းကပ်လှူရခြင်း အကျိုးကျေးဇူးတရားများကို ဟောကြားခဲ့သည်။
ဆက်လက်၍ ရုံးသစ်ဖွင့်ပွဲအတွက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္ဓဇောတိကဓဇ တိုင်းသံယနာယကဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တသုစိဏ္ဏာလင်္ကာရကနှင့် သံဃာတော်ဘုန်းကြီး (၄)ပါးတို့က ပရိတ်တရားတော်ရွတ်ဖတ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာနိုင်နှင့် ဝန်ထမ်းမိသားစုဝင်များက ဝါဆိုသင်္ကန်းကပ်လှူခဲ့ပြီး ရေစက်ချအမျှဝေခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းမိသားစုဝင်များက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္ဓဇောတိကဓဇတိုင်း သံယနာယကဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တသုစိဏ္ဏာ လင်္ကာရကနှင့် သံဃာတော်ဘုန်းကြီး (၄)ပါးတို့အား နေ့ဆွမ်းကပ်လှူခဲ့သည်။ အဆိုပါ ဝါဆိုသင်္ကန်းဆပ်ကပ်လှူပွဲကို မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ကျောင်းဆရာ/မများနှင့် ဖိတ်ကြားထားသော သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်