ကွမ်းခြံကုန်း ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာစီစာကုံးပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်း လင်းပြောကြားပြီး တောင်ဘက်ပိုင်းရပ်ကွက် အ-မ-ကကျောင်း Grade-5 ကျောင်းသား၊ ကျောင်းသူ (၁၃)ဦး တို့က အာဇာနည်နေ့ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ဆွေနွယ်(ပြန်/ဆက်)